အဖုံးတွေကို ဖွင့်မကြည့်လိုက်ပါနဲ့
အံဝှက်တွေ ထွက်ကျလာမှာ မြင်မကောင်းလို့ပါ။
လောကမှာ ဘယ်အရာကို ယုံကြည်ရမှန်းမသိအောင် ၀ါးတယ်။
အားလုံးဟာ မျက်နှာဖုံးအကာအကွယ်တွေ
ပဉ္စလက်အခွံ ပါကင်တွေနဲ့
သံသယတွေကို မျိုးစိပ်ပြောင်းထားတယ်။
နောက်ကို နည်းနည်းပြန်ငဲ့စောင်း...
ကိုယ်ဖြတ်ခဲ့တဲ့ ဘူတာစဉ်တွေကို အစုန်အဆန်ရေတွက်..
နံပါတ်အစီအစဉ်တွေ ရှေ့နောက်ညီရဲ့လား စစ်ကြည့်တော့
အနီးအဝေး အလင်းအမှောင် အရောင်မငြိမ်တောင်
အမြင်တော့ မတိမ်လောက်ဘူး ထင်မိရဲ့။
အတိတ်ဆိုတာ ခပ်လှမ်းလှမ်းကပြန်ကြည့်နေ တဲ့ တံဆိပ်စိမ်းကပ်အရာလား...
ပစ္စုပ္ပါန်ကို သောက်လက်စအဆိပ်တစ်ခွက်တော့ မဖြစ်စေချင်..
အမှန်တော့... အနာဂတ်ဟာ ဖြေဆေးကိုဆုပ်ကိုင်ရင်း
အိပ်မက်ယောင်သူလို ၀ိုးတ၀ါး....
ချောက်ကမ်းပါးနား ကပ်မလျှောက်ပါနဲ့
တွင်းနက်နက်တဆုံးမှာ လှေကားတွေရှိမရှိ မသေချာဘူး
ကုသခြင်းထက် ကာကွယ်ရေးနဲ့ လက်ဦးမှုရယူပါ
ဗိုင်းရပ်စ်တွေမ၀င်အောင် စိတ်ကိုလုံလုံ ဖုံးကာထား
ယုံကြည်မှုတံခါးက ကိုယ်ရဲ့ဥာဏ်အားရှိသလောက် အထူ..
ဥခွံလေးဟာ ကျဉ်းမြောင်းပေမယ့် အန္တရာယ်တော့ကင်းပါကြောင်း.. ..။
အံဝှက်တွေထွက်ကျလာမှာ မမြင်ရဲလို့
အဖုံးတွေကို ဖွင့်မကြည့်လိုတော့ပါ။
ဝေ
အံဝှက်တွေထွက်ကျလာမှာ မမြင်ရဲလို့
ReplyDeleteအဖုံးတွေကို ဖွင့်မကြည့်လိုတော့ပါ..
အမြဲအားပေးဖတ်ရှုနေတဲ့
လေးစားခင်မင်လျက်
သဒ္ဓါလှိုင်း