နွေးထွေးပြည့်စုံ စိတ်နှလုံးတစ်စုံ


ခုတလော Page ကိုဖွင့်ကြည့်လိုက်တိုင်း Fans တွေ အတော်များများတိုးနေတာကို တွေ့ရလို့
စာဖတ်သူတွေများလာတဲ့အတွက် ၀မ်းသာကြည်နူးရပါတယ်။
ဒါဟာ... ရသစာပေ မြတ်နိုးသူတွေ ရှိနေသေးတာကို သိရတာမို့လည်း
ရသစာပေကဏ္ဍ မှေးမှိန်နေပြီလို့ စိတ်ပူပန်လာကြချိန်မှာ အားတက်စရာပါ။
စာကတော့ ဘာစာဖတ်ဖတ် ကောင်းတာပါပဲ။
ဒါပေမယ့် ကိုယ်ဖတ်တဲ့စာထဲက အဆိပ်အတောက်ကိုဖယ်ပြီး အနှစ်အသားကို ဆယ်ယူတတ်ရမှာက
စာဖတ်သူရဲ့ ရင့်ကျက်မှုအပေါ်မှာ မူတည်တယ်လို့ ထင်ပါတယ်။
ပညာရပ်ဆိုင်ရာ၊ ဘာသာရပ်ဆိုင်ရာ စာပေတွေ....၊ သုတစာပေတွေဟာ
ဦးနှောက်အသိဥာဏ်ကို တိုးပွားစေသလို...၊
ရသစာပေကတော့ နှလုံးသားကို ရင့်ကျက်ဖွံ့ဖြိုးစေတဲ့ အာဟာရသဖွယ်ပါ။
လောကရေးရာတွေမှာ ဦးနှောက်သုံးမှ အောင်မြင်နိုင်တဲ့ ကိစ္စတွေရှိပေမယ့်
တကယ်တမ်းတော့ နှလုံးသားခံစားချက်နဲ့ ပေါင်းစပ်စာနာနိုင်မှသာ
လူသားဆန်တဲ့အောင်မြင်မှုကိုရပြီး ပြည့်စုံနိုင်တာပါ။
ဒါကြောင့်မို့... လူသားအားလုံး ဦးနှောက်အသိဥာဏ်ဖွံ့ဖြိုးတိုးတက်ဖို့လိုသလို..၊
စိတ်နှလုံးသားတွေလည်း နွေးထွေးပြည့်စုံစေဖို့ ...
ရသစာပေကိုလည်း အချိန်ရတိုင်း ဖတ်ရှု အားဖြည့်နိုင်ကြပါစေလို့.....။

စာလာဖတ်သူအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်းနဲ့...၊
စာဖတ်ပရိသတ်အားလုံး စိတ်ရောကိုယ်ပါ ကျန်းမာရွှင်လန်းပြီး
အစစအရာရာ အဆင်ပြေအောင်မြင်ကြပါစေကြောင်း....၊
ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင့်....။

ခင်မင်လေးစားစွာဖြင့်...
ဝေ(စီးပွားရေးတက္ကသိုလ်)့

2 comments:

  1. နွေးထွေးပြည့်စုံတဲ့ စိတ်နှလုံးတစ်စုံဖြင့် လောကကိုအလင်းပေးနိုင်ပါစေ...

    ReplyDelete
  2. လောကရေးရာတွေမှာ ဦးနှောက်သုံးမှ အောင်မြင်နိုင်တဲ့ ကိစ္စတွေရှိပေမယ့်
    တကယ်တမ်းတော့ နှလုံးသားခံစားချက်နဲ့ ပေါင်းစပ်စာနာနိုင်မှသာ
    လူသားဆန်တဲ့အောင်မြင်မှုကိုရပြီး ပြည့်စုံနိုင်တာပါ။

    ဟုတ်ပါ့ ဝေရေး))

    ReplyDelete