လက်ရည်တစ်ပြင်တည်းတော့ မစားဖြစ်ကြပေမယ့်
စိတ်ရည်တစ်ပြင်တည်းတော့ ရှိချင်မိတယ်။
မိသားစုဆိုတာ....
ကိုယ်ယုံကြည်ရာ ဦးတည်လျှောက်လမ်းချင်း တူချင်မှတူမယ်
ရင်ငွေ့လှုံရာအသိုက်အမြုံရဲ့ နွေးထွေးလုံခြုံမှုကတော့
သားချီမယ့် အနာဂတ်ဆီအထိ စိတ်ခွန်အားတွေပေးလိမ့်မယ် ။
မိသားစုဆိုတာ....
ခံယူချက်သဘောထားတွေ တချို့နေရာမှာ ကွဲချင်ကွဲမယ်
လက်ဦးဆရာရဲ့ လူ့ယဉ်ကျေးမှု အခြေခံသင်ခန်းစာတွေကတော့
သမီးလှမ်းမယ့် ရည်ရွယ်ရာပန်းတိုင်ရောက်ဖို့ 
အကောင်းဆုံးလမ်းတွေ ခင်းပေးလိမ့်မယ်။
မိသားစုဆိုတာ....
အပြန်အလှန်နားလည်မှုတွေ လွဲတဲ့အခါလည်း ရှိကောင်းရှိမယ်
ဆန်ရေမမျှော်တတ်တဲ့ တစ်ကြောင်းသွားမြစ်ကတော့
နှလုံးသွေးကို သက်တန့်ဖန်ဆင်းပြီး
ကောင်းကင်ဆီ တံတားခင်းပေးချင်သူတွေဖြစ်တ ယ်။
မိသားစုဆိုတာ....
လောကဓံမုန်တိုင်းတွေ ဘယ်နှကြိမ်ပဲကြမ်းကြမ်း
ကြယ်စုံကောင်းကင်ညချမ်းဟာ တစ်ကြိမ်ပဲလင်းစမ်းပါစေ
စိတ်နှလုံးကြေးမုံပြင်မှာ ဘယ်ခါမှမငြိမ်းတော့မဲ့ မေတ္တာမီးအိမ်လေးဖြစ်တယ်။
ဝေ (စီးပွားရေးတက္ကသိုလ်)
ကိုယ်ယုံကြည်ရာ ဦးတည်လျှောက်လမ်းချင်း တူချင်မှတူမယ်
ရင်ငွေ့လှုံရာအသိုက်အမြုံရဲ့
သားချီမယ့် အနာဂတ်ဆီအထိ စိတ်ခွန်အားတွေပေးလိမ့်မယ်
မိသားစုဆိုတာ....
ခံယူချက်သဘောထားတွေ တချို့နေရာမှာ ကွဲချင်ကွဲမယ်
လက်ဦးဆရာရဲ့ လူ့ယဉ်ကျေးမှု အခြေခံသင်ခန်းစာတွေကတော့
သမီးလှမ်းမယ့် ရည်ရွယ်ရာပန်းတိုင်ရောက်ဖို
အကောင်းဆုံးလမ်းတွေ ခင်းပေးလိမ့်မယ်။
မိသားစုဆိုတာ....
အပြန်အလှန်နားလည်မှုတွေ လွဲတဲ့အခါလည်း ရှိကောင်းရှိမယ်
ဆန်ရေမမျှော်တတ်တဲ့ တစ်ကြောင်းသွားမြစ်ကတော့
နှလုံးသွေးကို သက်တန့်ဖန်ဆင်းပြီး
ကောင်းကင်ဆီ တံတားခင်းပေးချင်သူတွေဖြစ်တ
မိသားစုဆိုတာ....
လောကဓံမုန်တိုင်းတွေ ဘယ်နှကြိမ်ပဲကြမ်းကြမ်း
ကြယ်စုံကောင်းကင်ညချမ်းဟာ တစ်ကြိမ်ပဲလင်းစမ်းပါစေ
စိတ်နှလုံးကြေးမုံပြင်မှာ ဘယ်ခါမှမငြိမ်းတော့မဲ့ မေတ္တာမီးအိမ်လေးဖြစ်တယ်။
ဝေ (စီးပွားရေးတက္ကသိုလ်)
ကဗျာလေးဖတ်ရတာ စိတ်ချမ်းသာလိုက်တာ အစ်မဝေရေ....
ReplyDeleteမိသားစုဆိုတာ တကယ်ကို ဘယ်တော့မှ မငြိမ်းတဲ့ မေတ္တာမီးအိမ်လေးပါဘဲနော်။ မှန်လိုက်တာ အစ်မရေ.
အလည်လာသွားပါတယ် မဝေ
ReplyDelete