Sandwich Time





ခုတစ်လော မေမေပြောဖူးတာလေးကို ခဏခဏသတိရနေမိတယ်။
ကျွန်မတို့အရွယ်တွေကို... " ဒီအရွယ်က Sandwich Time ပဲတဲ့..."

သားသမီးတွေကလည်း အရွယ်ရောက်လာလို့ ဆန္ဒကိုယ်စီနဲ့ ပြဿနာလေးတွေ သယ်ဆောင်လာတဲ့အချိန်...၊
မိဘတွေကလည်း အသက်ကြီးလာလို့ ကဂျီကဂျောင် ချေးများလာတဲ့အချိန်...၊
အပေါ်ကဖိ၊ အောက်ကကြွနဲ့ အလယ်ကကြားညပ်နေရတဲ့ အသားညှပ်ပေါင်မုန့်လို အချိန်မျိုးတဲ့။
ကျွန်မကတော့ ပြဿနာတွေ...၊ ကဂျီကဂျောင်တွေ ကြုံနေရလို့မဟုတ်ပါဘူး။ .
ခုတလော... သားက သူ့ခံစားချက်တွေ မအေကို လာလာရင်ဖွင့်နေတော့ ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်ရတဲ့ကြားထဲ သူ့အတွက်ပူပန်စိတ် နည်းနည်းဝင်မိတယ်။
 " အမေ့ရဲ့ဒုက္ခအိုးလေး... အသည်းကွဲ..." ဆိုတဲ့သီချင်းများ ဘယ်အချိန် လာဆိုပြလေမလဲ ဆိုတဲ့ ပူပန်မှုမျိုးပေါ့။
ဖေဖေနဲ့မေမေကတော့ အသက်တွေကြီးလာပြီဆိုတော့ ခုလောလောဆယ် ကျန်းမာနေပေမယ့် ဘယ်တော့.. နေထိုင်မကောင်းဖြစ်မလဲလို့... ပူပန်စိတ်ပေါ့။
မေမေကလည်း သူတို့ အသက်တွေ ဒီ့ထက်ကြီးလာတဲ့အခါ... သားသမီးအပေါ် သတိလက်လွတ်နဲ့ စိတ်အနှောင့်အယှက် ပေးမိမှာမျိုး စိုးရိမ်အားနာနေပုံရပါတယ်။

ကျွန်မစိတ်ထင်တော့ သားသမီးတိုင်းက မိဘတွေ ကဂျီကဂျောင်လုပ်မှာထက် သူတို့ကျန်းမာရေး ချို့ယွင်းလာကြမှာကိုသာ ပိုပူပန်ကြမယ်လို့ထင်တာပါပဲ
Sandwich Time... တဲ့..
နာမည်လေးက ချစ်စရာကောင်းသလိုလိုနဲ့... တကယ်ပြင်းပြင်းထန်ထန် ခံစားချက်ပေါင်းစုံချိန်ဆိုရင်တော့ တော်တော်အီမယ့်ပုံပါ။
ဘယ်သူပဲဖြစ်ဖြစ် ဒီလိုအချိန်မျိုးကို တစ်ချိန်ချိန်မှာတော့ မလွဲမသွေရင်ဆိုင်ရလိမ့်မယ် ထင်ပါတယ်။ ကြိုတွေးပြီးပူပန်နေလို့တော့ အကျိုးမရှိပါဘူး။
ဖြစ်တတ်တဲ့သဘောလေးတွေ ကြိုသိနေတော့ ဘယ်လိုရင်ဆိုင်ကျော်လွှားမလဲ ပြင်ဆင်ထားနိုင်တာပေါ့နော်။


ဝေ(စီးပွားရေးတက္ကသိုလ်)

4 comments:

  1. Sandwich Time တဲ့လား... နာမည်လေး ပေးတတ်လိုက်တာ...

    ReplyDelete
  2. Sandwich Time ကို မကြုံချင်လို့ ရဘူးလား အစ်မဝေ...
    ညှပ်ပြီး ပိသွားမှာစိုးလို့လေ..
    တစ်ဖက်ဘဲ ညှပ်ခံရတာ ပိုသက်သာမယ်ထင်တယ်နော်း)

    ReplyDelete
  3. facebook မှာလည်း ဖတ်ပြီးပြီ..။ ခု ဒီမှာလည်း လာဖတ်ပါတယ် မမဝေ..

    ချစ်တဲ့
    ဝသုန်

    ReplyDelete
  4. မျှဝေခံစားခဲ့ပါတယ် ဆရာမ ...

    ReplyDelete