သိမ်းပိုက်ခြင်း

စနစ်တကျ
နေရောင်အလင်းထဲက
တစ်ရက်ချင်းနှုတ်ယူ။

ငါးရက် နေရောင်ပြ
အမှောင်.....။

လေးရက် နေရောင်ပြ
အမှောင် တစ်ရက်ချ။

သုံးရက် နေရောင်ပြ
အမှောင် နှစ်ရက်ချ။

အမှောင် သုံးရက်ချ
နေရောင် နှစ်ရက်ပြ။

အမှောင် လေးရက်ချ
နေရောင် တစ်ရက်ပြ။

အမှောင် ငါးရက်ချ
နေရောင်.....။

ဒီလိုနဲ့....အခန်းထဲမှာ
“ အင်ဒိုးပလန့် ” တစ်ပင်ဟာ
သဘာဝကို ဆန့်ကျင်
ရှင်သန်နေရပေါ့။

သစ်ခက်အိမ်

No comments:

Post a Comment