မြူးကြွလှုပ်ခတ်သော ဂီတ၏သာယာသံနှင့်အတူ ကြည်လင်ပြတ်သားသော သီချင်းသီဆိုသံ....၊ စည်းချက်ဟန်ညီ လှုပ်ရှားနေသော သဏ္ဍာန်နှင့် ချိုရွှင်ရယ်မြူးနေသော တီဗွီဖန်သားပေါ်မှ ချစ်စဖွယ်မျက်နှာလေးကို မျက်တောင်မခတ် စူးစိုက်ငေးရီနေမိသော်လည်း အခါများစွာကလို စိတ်ဝင်စားမှု မပြင်းထန်တော့ပေ။ နှစ်လိုဖွယ် ညီညာ စည်းကျသော သံစဉ်များထက် စူးရှပြတ်တောင်းသော ဖုန်းခေါ်သံ တစ်ခုကိုသာ သူမ စိတ်စောတောင့်တ နေမိသည်။
ပြီးတော့.... ကြည်လင်ညံ့သက်သော အောင်မြင်သည့် အမျိုးသားသံ တသံ....။ ထိုအသံသည် ကာလ များစွာ အေးခဲငြိမ်သက်နေခဲ့သော အိအိခင်၏ နှလုံးသားကို ညွတ်နူးနိုင်စွမ်း ရှိ၏။ နွေးထွေးနိုင်စွမ်းရှိ၏။
အံ့သြစရာကောင်းလှစွာ...ထိုအသံကို စကြားကာစမှာပင် သူမ သဘောကျမိသွားခြင်း ဖြစ်လေသည်။ ထို့ကြောင့်လည်း သူမဆီဆက်သမျှ ဖုန်းသရဲများထဲမှ ထိုအသံပိုင်ရှင် တယောက်ကိုသာ လက်ခံစကားပြော မိခြင်း ဖြစ်သည်။
သူမက ဖုန်းဆက်၍ အီစီကလီဇာတ်ခင်းခြင်းမျိုးကို မုန်း၏။ ခပ်ရိရိလေသံများနှင့် မထိတထိ စကားလုံးများကို မနှစ်မြို့လွန်းသောကြောင့် သူမ ဖုန်းသရဲများကို ဝေးဝေးကရှောင်လေ့ ရှိခဲ့သည်။
သို့သော်....လွန်ခဲ့သည့် တလခန့်က ညနေခုနစ်နာရီခွဲ တိတိတွင်ဆက်သော ဖုန်းထဲမှ စကားသံတစ်သံ သည် သူမ၏အာရုံများကို ဖမ်းစားသွားခဲ့သည်။ သူ့အသံသည် ယဉ်ကျေးသိမ်မွေ့၍ တည်ကြည်အေးမြ သလို ပြတ်သားလှိုက်လှဲလှသည်။
“ အိအိခင်နဲ့ စကားပြောချင်လို့ပါ ခင်ဗျာ...”....ဟု သူက ဆိုလိုက်စဉ် အရင်ကလို အမျိုးသားအသံမို့ လိမ္မာယဉ်ကျေးစွာ ငြင်းပယ်လိုက်ဖို့ထက် သူ ဘယ်သူဖြစ်မလဲ ဆိုတာကိုသာ စိတ်ဝင်စားသွားမိ၏။ သူ့အသံ က ကြားနေကျအသံများထက် များစွာ ရည်မွန်နွေးထွေးနေသည်။
“ ဘယ်သူလို့ ပြောလိုက်ရမလဲဟင် ”
သူက စဉ်းစားသလို ခေတ္တပြတ်တောက်သွားပြီးမှ....
“ အိ မဟုတ်လား...ကို ပါ ”
သူမ အံ့သြငြိမ်သက် သွားမိ၏။ ခပ်ဖြေးဖြေးနှင့် ပိုင်နိုင်စွာပြောလိုက်သော သူ့အသံကြောင့် ဇဝေဇ၀ါဖြစ်သွားရသည်။ သူ့အသံသည် ကြားဖူးနေကျ ဖုန်းသရဲတစ်ယောက်၏ အသံမျိုးမဟုတ် ပါ။ ပေါ့ပျက်ပျက်နှင့် ခနိုးခနဲ့နိုင်သော အသံမျိုးလည်း မဟုတ်။
‘ ဘယ်က ကို လဲ.. ´
‘ ကို...လေ ´
စိတ်ညစ်ညူး ရှုပ်ထွေးသွားရ၏။ မျက်မှောင်ကို ခပ်ဖွဖွတွန့်ရင်း `ငါ့မှာ ကို လို့ခေါ်ရတဲ့ ချစ်သူတယောက် (ဒါမှမဟုတ်) သူငယ်ချင်းတစ်ယောက် မရှိတာ သေချာပါတယ်နော်....´ ဟု သူမဖာသာတွေးရင်း ရယ်ချင် စိတ် ဖြစ်သွားသည်။
သူမမှာ ဖုန်းဆက်ရလောက်အောင် ခင်မင်ရင်းနှီးသော ယောင်္ကျားလေးသူငယ်ချင်း တယောက်တလေမျှပင် မရှိပေ။
`ဖုန်းမှားဆက်မိတာ ထင်တယ်... ´
` မဟုတ်ဘူး...ကို အိဆီကိုပဲ ဆက်တာပါ ´
သူမစိတ်ကျဉ်းကြပ်လာ၏။ ဘာဆက်ပြောရမှန်း စဉ်းစား၍မရသလို ဖုန်းချပစ်လိုက်ဖို့ကိုလည်း သတိမေ့လျော့စွာ သူ့၏ ရည်မွန်သောအသံနှင့် သူမနှင့်မသိပဲ သူမဆီဖုန်းဆက်ခြင်းကိုသာ နားမလည်နိုင် ရှိနေသည်။ ထိုစဉ်မှာပင် သူက...
` အိ...ကိုယ် အိကိုချစ်တယ်´ ဟု လှိုက်လှဲသော အသံတမျိုးနှင့် ဆိုလိုက်၏။ သူမ လန့်ဖျပ်တုန်လှုပ်စွာ စကားပြောခွက်ကို အလျင်စလိုချလိုက်မိလေသည်။ ကြည့်စမ်း....။ ဘယ်လောက်များ ရဲတင်းလိုက်သလဲ ဆိုတာ...။
သူမ ၀မ်းနည်းသလို ခံစားလာရပြန်သည်။ တစုံတရာကို နှမြောတသစိတ်ဖြင့် ပင့်သက်ကို အသာရှိုက်ရင်း ဒရင်းဘက်ပေါ်သို့ လျော့ရဲစွာ လှဲချလိုက်ရ၏။ ဒီလို တည်ငြိမ်အိနြေ္ဒရသော သူ့အသံမျိုးဟာ ဒီလိုစကားမျိုး ခပ်လွယ်လွယ်ပြောလိုက်သင့် သတဲ့လား။
သူမ စိတ်ကုန်စွာ ခေါင်းခါယမ်းပစ်လိုက်မိသည်။ သူလည်း ဖုန်းသရဲတယောက်ပဲ ဖြစ်နေပြန်ပြီပေါ့။ ဒါဆို.... ယဉ်ယဉ်ကျေးကျေးရှိတဲ့ သူ့အသံကို အထင်ကြီးမလို ဖြစ်မိသွားတာ...သူမအမှားပေါ့။
အရာရာကို ခပ်လွယ်လွယ် ခပ်ပေါ့ပေါ့ တွေးခေါ် ပြုကျင့်တတ်သော..၊ မိန်းကလေးများကို အထင်သေး ရိထေ့ချင်သော... လူငယ်လေး တယောက်အဖြစ် သူ့အသံကို ထင်ရက်စရာတော့ မရှိပါ။
ထိုနေ့မှစ၍ နေ့စဉ်ရက်ဆက် အချိန်မှန်လာတတ်သော ဖုန်းထဲမှသူ့အသံသည် ဘယ်တော့မဆို သူ့၏သိက္ခာကို အရောင်တင်နိုင်စွမ်း ရှိနေ၏။ သူ၏ အသွင်သဏ္ဍာန်ကို ခန့်မှန်းရနိုင်ရန် စွမ်းအင်တမျိုး ပါရှိနေသည်ဟု သူမကထင်လေသည်။
သူသည် အရပ်ရှည်ရှည်၊ တောင့်တင်းသောခန္ဓာကိုယ်နှင့် ယောင်္ကျားပီသသော သဏ္ဍာန်ရှိမည်ဟု သူမက လိုရာဆွဲ တွေးနေမိသည်။ သူ့မျက်နှာသည် ချောမောမနေတောင်မှ မွန်ရည်ပြေပြစ်လိမ့်မည်။ သူတပါးကို မထီမဲ့မြင်ပြုတတ်သော ခပ်ထေ့ထေ့အပြုံးမျိုး သူ့နှုတ်ခမ်းမှာ မရှိနိုင်ဟုလည်း သူမက ယုံကြည်နေမိပြန်သည်။ သူ့မှာ နူးညံ့သော မျက်ဝန်းတစုံလည်း ရှိမည်မှာသေချာ၏။ သူ့စကားသံထဲတွင် နူးညံ့စိုလက်နေသော မျက်ဝန်းတစုံကို သူမမြင်နေရတတ်သည်။
ဖုန်းထဲမှ သူ့အသံကို အခြေခံ၍ သူမသည် စိတ်ကူးဖြင့် ပုံဖော်ကြည့်မိသည်မှာ ညတိုင်းလိုလို ...၊ တွေးတောရန် အားလပ်ချိန်တိုင်းလိုလို ဖြစ်လာသည်။
ထို့အပြင် သူမစိတ်ကူးထဲမှ ခန့်ထည်သိမ်မွေ့သော နှစ်လိုဖွယ် ရုပ်ရည်ပိုင်ရှင်သည် သူမ သဘောကျ နှစ်ခြိုက်သော စိတ်ကြိုက်ပုံစံ ဖြစ်နေပြီး သူမ၏ အိပ်မက်သခင်လည်း ဖြစ်နေလေသည်။

xxxxxx
ခပ်စူးစူးဖုန်းမြည်သံကြောင့် အတွေးလွန်နေသော သူမ ဆတ်ကနဲ တွန့်သွားကာ ရင်ထိတ်သွားရ၏။ ဖုန်းကိုချက်ချင်း ကောက်ကိုင်လိုက်မည်ဟု လက်ရောက်သွားပြီးမှ သတိရသွားသလို ခေတ္တစောင့် ဆိုင်း ငြိမ် သက်နေလိုက်သည်။ သူ့ဖုန်းကို စောင့်နေသည်ဟု သူထင်သွားမှာမျိုးလည်း သူမ မလိုလားပါ။
ပြုံးစေ့စေ့ လှမ်းကြည့်လာသော မိခင်ဖြစ်သူအား ခပ်ရှက်ရှက်ရယ်ပြလိုက်ပြီး သူမမျက်နှာမှာ အနည်းငယ် ထူအမ်းလာသလို ခံစားနေရ၏။ သူမ၏ မိဘများက ခေတ်မှီပွင့်လင်းသော စိတ်ထားမျိုးရှိကာ သူမကိုလွတ်လပ်ခွင့် အပြည့်ပေးထားပြီး ကိုယ့်ကိုယ်ကို ထိန်းထိန်းသိမ်းသိမ်း နေတတ်ရန်သာ ဆုံးမတတ် သည်။ သူမထံလာသော ယောင်္ကျားသံဖြင့် တယ်လီဖုန်းများအား ကိုယ်တိုင်ကိုင်မိလျက်နှင့် သူမက ဗြောင်ညာကာ လက်ခံစကားပြောလေ့ မရှိသည်ကိုပင် မိခင်က ကြားထဲမှ အားနာနေ တတ်သူ ဖြစ် သည်။
ခြောက်ကြိမ်မြောက် ဖုန်းခေါ်သံအပြီးတွင် စကားပြောခွက်ကို အသာမကာ `ဟလို´ ဟု ခပ်တိုးတိုး အသံ
ပြုလိုက်၏။
`ဟလို...ဒေါ်မမခင် ရှိပါသလားရှင်...´
သူမ စိတ်ပျက်ညစ်ညူးသွားရကာ နှာခေါင်းရှုံ့ပစ်လိုက်ရင်း...
` ဟုတ်ကဲ့...ခဏကိုင်ထားပါနော်....´
ဖုန်းကိုမကာ မိခင်ရှေ့တွင် ချထားပေးလိုက်ပြီး သူမနေရာ ဒရင်းဘက်ပေါ်သို့ လျော့ရဲစွာ မှီလှဲလိုက်ရသည်။ သူ့ထံမှ ဖုန်းကိုစောင့်ရခြင်းသည် သူမအတွက် အလွန်ရင်မောစရာကောင်းသလို...ရင်ခုန်ကြည်နူးခြင်း တမျိုးကိုလည်း ခံစားရစမြဲ ဖြစ်၏။
ဖုန်းဆက်တိုင်းလည်း သူမက `ဟလို´...ဟု ထူးလိုက်သည်နှင့် သူက `အိမဟုတ်လား...´ ဟုသာ နေ့စဉ်
မပြောင်းမလဲ စကားစပြောတတ်သည်။ ထိုအခါ သူမကလည်း သူ့အသံကိုမှတ်မိနေလျက်နှင့် မသိဟန်ဆောင် ကာ `ဘယ်သူလဲ´ဟု ပြန်မေးမည်။ ထိုအခါ သူက `ကို...ပါ´ ဟု ပြောမည်။ ဒီလိုပြောရင်တော့ သူမငြိမ်သက် သွားကာ ဘာဆက်လုပ်ရမည်မသိဘဲ ကြောင်ယောင်နေဦးမည်။ သူက `အိကိုချစ်တယ်´ ပြောလိုက် မှ သတိဝင်ကာ အလန့်တဖျပ် ဖုန်းချပစ်လိုက်ရင်း ရင်ခုန်နေမိဦးမည်။ ဤသည်မှာ မပြောင်းလဲနိုင် ခဲ့သော သူမနှင့်သူ့အကြားရှိ နေ့စဉ်ကျင့်ဝတ်တခုလို ရှိနေလေပြီ။
ဒီတခါ ဖုန်းဆက်ရင် သူဘယ်သူလဲဆိုတာ မရရအောင် မေးမည်ဟု...သူမအားခဲထား တတ်သော် လည်း တကယ်တမ်းကျတော့ သူ့အသံကြားသည်နှင့် အရာရာမေ့လျော့ကာ ရင်ခုန်လှုပ်ရှားလွန်း ၍ ကြောင်နေမိတော့သည်။ တခါကတော့ `အိကိုချစ်တယ်´ ဟု သူပြောလိုက်သည်တွင် စိတ်လွတ်စွာ သူမနှုတ်ခမ်းမှ ခနိုးခနဲ့ရယ်သံ ထွက်သွားမိ၏။
သူ့အသံနှင့် စိတ်ကူးကြည့်မိသော သူ့သဏ္ဍာန်တို့ကို သူမ နှစ်သက်သဘောကျသော်လည်း ဖုန်းနှင့် ခပ်လွယ်လွယ် ချစ်စကားပြောခြင်းကိုမူ သူမ မနှစ်မြို့နိုင်ပါ။ သူ့အပေါ် ခင်တွယ်စိတ်ကတဖက် သူ့အပြုအမူကို မနှစ်မြို့စိတ်က တဖက်ဖြင့် သူဖုန်းဆက်တိုင်း အမြဲတမ်းလိုလိုပင် သူမ သတိလက်လွတ် ဖြစ်နေတတ်သည်။
သူကတော့ တည်ငြိမ်စွာပင် `အိကသိတ်ချစ်ဖို့ကောင်းတာပဲ´ ဟုသာ ဘာမှမဖြစ်သလို ပြောခဲ့၏။ ထို့နောက်သူမသည် စိတ်မကောင်းစွာဖြင့် စကားပြောခွက်ကို အသာအယာ ချပစ်လိုက်တော့သည်။ ထို့နောက်တွင်မှ သူမသည် တစုံတရာကို မကျေမချမ်းစွာ ငိုချင်စိတ်ပြင်းပြနေရင်း.. နောက်တနေ့ သူဖုန်းဆက်မှ သူဘယ်သူလဲဆိုတာ မေးမယ်။ မေးလို့မရရင် `နာမည်လေးတောင်ပြောဖို့ သတ္တိမရှိတဲ့ လူတယောက်နဲ့ ကျွန်မစကားပြောဖို့ အကြောင်းမရှိပါဘူး..´လို့ ခပ်တည်တည်ပြောပြီး ဖုန်းချပစ်လိုက်မည် ဟု တွေးမိပြန်သည်။
တကယ်တမ်းတွင်တော့ သူ့အသံကြားလိုက်သည်နှင့် ကြိုတင်စဉ်းစားထားသမျှ စကားအားလုံး မေ့လျော့ သွားကာ စိတ်ညှို့ခံရသူတစ်ယောက်လို ပြတ်တောင်းတောင်း စကားများကိုသာ ထုံးစံအတိုင်း ဆိုမိပြီး ယောင်ယမ်း၍ ဖုန်းချလိုက်မိစမြဲ ဖြစ်လေသည်။

'''''''''''''''
မိခင်၏စကားသံကြောင့် ပံျ့လွင့်နေသော အာရုံများကို အလျင်စလို ဖြတ်တောက်စုစည်း၍ နားစွင့်ထားလိုက်ရ၏။
`ဒေါ်စိုးနွယ်ဆီက ဖုန်းပါ အဖေကြီးရယ်...။ သားတော်မောင် အလုပ်ကနေ ခွင့်နဲ့ပြန်ရောက်နေပြီတဲ့။
အဲဒါ မနက်ဖြန်ကျရင် သားကိုခေါ်ခဲ့ပြီး အိမ်လည်လာခဲ့မယ်တဲ့လေ....။ ´
ကြီးစွာသော စိတ်ခြောက်ခြား တုန်လှုပ်မှုကြောင့် အာမေဋိတ်သံ ခပ်တိုးတိုးပင် လွှတ်ကနဲ ထွက်သွားရသည်။ ကြည်လင်နေသော စိတ်သည် ရုတ်တရက် ညစ်ညူးနောက်ကျိသွားရ၏။ မျှော်လင့်ချက် စိတ်တခုဖြင့် တက်ကြွနေသော သူမ၏ စိတ်ကူးယဉ်လေးသည် မရေမရာအတွေးများကြောင့်ေ၀၀ါးသေးနုတ် သွားရလေသည်။
ဖုန်းသံတခုကို စောင့်မျှော်ရင်ခုန်ခွင့် သူမမှာ ပျောက်ဆုံးသွားတော့မည်လား။ အနှောင်အဖွဲ့တခုဖြင့် သူမ နှလုံးသားကို အကျဉ်းချထား ခံရတော့မည်လား။
သက်မဲ့ ဓါတ်ပုံတခုမှလွဲ၍ တကြိမ်တခါမျှ တွေ့ဆုံနားလည်မှု လုံးဝမရှိသော.....၊ မည်သို့မျှ အဆက်အသွယ်ပြုလုပ် ရင်းနှီးမှုမရှိသော... သူစိမ်းယောင်္ကျားလေးတယောက်ကို မိဘချင်း ခင်မင်ရင်းစွဲ ရှိရုံမျှနှင့်၊ ဆရာဝန်တယောက်ဖြစ်ရုံနှင့် သူမ မျက်စိမှိတ် ခေါင်းညိတ်လိုက်သင့်မည်လား။
သူမက တကြိမ်တခါမျှ နှလုံးသား မလှုပ်ရှားဖူးသော်လည်း နှလုံးသားခံစားမှု ကင်းမဲ့သော အိမ်ထောင်ရေးမျိုးကိုမူ မည်သို့မျှ မနှစ်မြို့နိုင်ပေ။
`သမီးဖုန်းက မလာတော့ဘူး ထင်ပါတယ်။ မေမေတို့ စကားကောင်းနေတာနဲ့ အချိန်တောင် လွန်သွားပြီနော်.. ´
သူမလှဲလျောင်းနေသော ဒရင်းဘက်နံဘေးမှ ဖုန်းတင်သည့် စားပွဲလေးပေါ်သို့ ဖုန်းကိုပြန်ထားရင်း ပြောလိုက်သော မိခင်၏စကားကြောင့် နာရီကို အလျင်စလို ကြည့်လိုက်မိ၏။ ရှစ်နာရီနှစ်ဆယ်...။ သူဖုန်းဆက်နေကျ အချိန်ကို မိခင်ကတောင် မှတ်မိနေပြီဖြစ်သည်။
ဖုန်းမလာတော့ဘူး ထင်ပါရဲ့......။ ရင်ထဲမှာ မောသွားရသည်။
ဒီလိုသာဆိုရင်ဖြင့် အားမလိုအားမရစိတ်နဲ့ပဲ သူ့အတွက် သူမစိတ်ထိခိုက်ရင်း ဒီညမှာ အချိန်ဘယ်လောက်ကြာကြာ အိပ်ပျက်နေရအုံးမှာပါလိမ့်။ သူနဲ့သူမက ဒီ့ထက်ပို နီးစပ်လာဖို့တော့ဖြင့် မလွယ်။ သူမဘ၀မှာ အချစ်ဆိုတာကို ခံစားနားလည်ရဖို့ ကုသိုလ်ကံ ပါးလျားမွဲနုံလွန်းတယ် ထင်ပါရဲ့။
သူက ဓါတ်ပုံထဲမှာထက်ပင် ပို၍ ကြည့်ကောင်းနေလေသည်။ အေးအေးဆေးဆေး နေတတ်မည့်ပုံရကာ စကားမဆိုပဲ ပြုံး၍သာ ငြိမ်နေ၏။ မိဘတွေတွန်းပို့မှုဖြင့် ခြံထဲသို့ ပန်းပင်တွေပြဖို့ဆိုကာ ဆင်းလာချိန်အထိ သူနှင့်သူမတို့ တယောက်နှင့်တယောက် စကားမပြောဖြစ်ကြသေးပေ။
ပိတောက်ပင်အောက်ရှိ ထိုင်ခုံတန်းလေးသို့ အရောက်တွင်မှ သူမက “ ထိုင်ပါအုံးလား ” ဟု ဧည့်ဝတ်စကားတိုပြတ်ပြတ်ကို ဆိုမိလေသည်။ သူက မငြင်းဆိုပေမယ့် ၀င်မထိုင်ဘဲ သူမနှင့် မျက်နှာချင်းဆိုင်မှာ ရပ်တန့်ပစ်လိုက်ကာ သူမကို စိုက်ကြည့်နေ၏။
ပထမတော့.... သူမက သူ့ကို ရိုးရိုးသားသားပင် ပြန်ကြည့်နေမိသေးသည်။ သို့ပေမယ့်...သူ့အကြည့်က ကြာရှည်ကာ ဝေေ၀ရီရီ ရှိလွန်းတာမို့ သူမ နည်းနည်း ရင်ဖိုရှက်ရွံ့လာကာ ခေါင်းငုံ့ချလိုက်ရတော့သည်။
` ကို...အိကို တကယ်ချစ်တာပါ.´
` အို... ´
သူမ ရုတ်တရက် လန့်ဖျပ်ကာ နောက်သို့ ခြေနှစ်လှမ်းစာမျှ ဆုတ်မိသွားပြီး မော့ကြည့်လိုက်မိ၏။
ဘယ်လောက်များ အံ့သြစရာကောင်းလိုက်သလဲ.....။
ခပ်ပြေပြေ ပြုံးနေသော နှုတ်ခမ်းတစ်စုံမှ သိမ်မွေ့နူးညံ့သော စကားသံသည် အမှန်တကယ်ပင် ထွက်လာခဲ့ခြင်း ဖြစ်သည်။
`သူ...သူ....ဒါဖြင့်.....သူပေါ့နော်...´
အံ့သြ၀မ်းသာစိတ်ဖြင့် ထစ်ငေါ့တုန်ရီစွာ အလျင်စလို ရောရောထွေးထွေး မေးလိုက်မိပြီးမှ သူမ ရှက်လန့်ကာခေါင်းငုံ့ချမိပြန်၏။ ထို့နောက် ချက်ချင်းပင် ခေါင်းပြန်မော့ကာ အဖြေကို သူ့မျက်နှာမှာ ဖွေရှာနေမိပြန်သည်။ သူက ဘာမှမပြောသေးဘဲ ပြုံး၍သာ ကြည့်နေလေသည်။
အနီးကပ် ကြားလိုက်ရသော သူ့အသံသည် ညတိုင်းကြားနေကျ အသံပါးပါးထက် အနည်းငယ် ထူထဲပြည့်ဝ သည်မှလွဲ၍ အခါများစွာကလို ကြည်လင်ညံ့သက် လှိုက်လှဲနေဆဲဖြစ်၏။ သူနှင့်သူမ၏ မိဘများ စကားပြောနေကြစဉ်က သူမကော်ဖီဝင်ဖျော်နေ၍ သူ့အသံကို မကြားလိုက်ရ။ ခုမှ သေချာကြားလိုက်ရပြီး အံ့သြတကြီး ဖြစ်နေရသည်။
` ကိုယ့်ကို အိ မှတ်မိတယ်လား.....ဒါဟာ ကိုယ့်အတွက် ၀မ်းသာစရာလားဟင်..´
ခေါင်းညိတ်လိုက်မိပြီးမှ အလျင်အမြန် ခေါင်းပြန်ခါလိုက်ရသည်။ ရင်ခုန်နှုန်းမြန်ဆန်ကာ လူကပါ ကတုန် ကယင်ဖြစ်လာ၍ ခြေမခိုင်နိုင်တော့။ ခုံတန်းလေးပေါ် ထိုင်ချလိုက်ရ၏။
သူက သူမ၏ ခေါင်းညိတ်ခေါင်းခါ အမူအယာကို ကြည့်ကာ ခပ်တိုးတိုးရယ်နေသည်။
` မန္တလးကနေ ဆက်ခဲ့ရတာပေါ့နော်...´
`အင်း...မနေ့ညက မေမေတို့ရှိနေတာနဲ့ မဆက်လိုက်ရဘူး ´
` ဟင်...အန်တီနွယ်က..... ´
` ဟုတ်တယ်...ဒါတွေ မေမေတို့ မသိသေးဘူး။ ပြောရမှာ နည်းနည်း ရှက်နေလို့... ´
သူမ ပြုံးစေ့စေ့ဖြစ်သွားရပြီး သူ့ကို တချက်မော့ကြည့်လိုက်သည်။ သူကလည်း ရှက်ဟန်စွက်၍ ရယ်ကျဲကျဲ လုပ်နေလေသည်။ စိတ်ထဲမှာ သူနဲ့ရင်းနှီးလာကာ စကားပြောနေရခြင်းအတွက် လွတ်လပ်စွာ ပျော်ရွှင်လာရ၏။
` ကျွန်တော် အိကို မေမေစာရေးမှ သိရတာပေမယ့် မြင်ဖူးခဲ့တာ ကြာပါပြီ။ ဟိုး.....ကျောင်းနေတုန်း ကတည်းက...´
` ဟင်....အိတော့ သူ့ကို မသိပါဘူး။ ´
` ဟုတ်ပါတယ်။ ကျွန်တော်လည်း မသိခဲ့ပါဘူး။ မြင်ဖူးရုံတင်....အဲ...အမှန်ဝန်ခံရရင်.... အဲဒီမြင် ကတည်း က အိကို သဘောကျ စွဲလန်းနေခဲ့ရတာ....။ ဒါပေမယ့် ခုလို ပြန်ဆုံရမယ် လို့ မျှော်လင့်ချက် ကိုလည်း စွန့်လွှတ်ခဲ့တာ ကြာပါပြီ...။ ´
` အိ..နားမလည်ဘူး...´
`ဒီလိုပါ...။ အိကို လွန်ခဲ့တဲ့ နှစ်နှစ်လောက်က မိန်းထဲက အီကိုကင်တင်းမှာ တစ်ခါ၊ သိပ္ပံကင်းတင်းမှာ တစ်ခါ၊ တွေ့ခဲ့ဖူးတယ်။ ကျွန်တော့် သူငယ်ချင်းတွေနဲ့ ကင်တင်းမှာထိုင်ရင်းပေါ့...။ ပထမတစ်ခါက အမှတ်တမဲ့ပါ။ ဒါပေမယ့်...နောက်တခါတွေ့တော့ အိကို ကျွန်တော် ကောင်းကောင်းမှတ်မိနေတယ်။
အိသူငယ်ချင်းတွေနဲ့ စကားပြောရယ်မောနေတာကို ကျွန်တော် ငေးကြည့်နေမိလို့ သူငယ်ချင်းတွေကတောင်
နောက်ခဲ့ကြသေးတယ်။ ဒါပေမယ့် အိ ဘယ်သူဘယ်ဝါဆိုတာ မစုံစမ်း မမေးမြန်းခဲ့မိဘူး။ ကိုယ်ကလည်း ကိုယ့်စာတွေနဲ့ပဲ နပန်းလုံးနေရတာနဲ့ မိန်းထဲနဲ့ တခြားကျောင်းတွေကို ရောက်ခဲတယ်။
နောက်....တော်တော်ကြာတဲ့အထိ အိကို ခဏခဏ သတိရနေတာနဲ့ ကိုယ်တို့ စာမေးပွဲပြီးလို့ အားနေတဲ့
နေ့တွေမှာ လာရှာပေမယ့် မတွေ့တော့ဘူး။ ဘယ်သူဘယ်ဝါ ဘယ်အတန်းကမှန်း မသိဘဲရှာရတာ
ဘယ်လွယ်ပါ့မလဲဗျာ..။ ဒါနဲ့ပဲ ကျောင်းပြီးသွားခဲ့ပြီး ဇာတ်လမ်းကလည်း အစပျောက်သွားပြီ အောက်မေ့နေ တာ..... ´
`မေမေဓါတ်ပုံလာပြတော့ အိမှန်းသိလိုက်ရပြီး ကိုယ်အရမ်းဝမ်းသာသွားခဲ့ရတယ်။ အိ ဖုန်းနံပါတ်ကိုရှာပြီး ကိုယ် ညတိုင်း ဖုန်းဆက်ခဲ့မိတယ်လေ....။ ကိုယ်ဘယ်သူဆိုတာ ပြောပြဖို့ အမြဲကြံစည်ထားခဲ့ပေမယ့် မပြောခဲ့မိဘူး။ ပြောရလည်း ခက်နေတယ်လေ။ ဒါကြောင့်.... ဒါနဲ့...အိ ကိုယ့်ကို လက်ခံနိုင်မယ် မဟုတ်လားဟင်....။ အိမှာ ချစ်သူ ရှိမနေပါဘူးနော်.... ´
စကားပြောရိုးသား၍ တုံးတိတိနိုင်လှသော သူ့ကို စနောက်ချင်စိတ်များ ရုတ်တရက် ဖြစ်ပေါ်လာသောကြောင့်...
`ဟင့်အင်း....အိမှာ ချစ်တဲ့သူ ရှိတယ်။ ´
` ဗျာ...တကယ် ´
ရုတ်တရက် နောက်သို့ ခြေလှမ်းဆုတ်ကာ သူတွေဝေသွား၏။ သူမကတော့ စိတ်ထဲမှာကြိတ်၍ ကျေနပ်
သွားသည်။ ဒီတခါ သူ့အလှည့်ပဲနော်...။ တို့ကို စိတ်ဆင်းရဲအောင် ညတိုင်းလုပ်ထားခဲ့တာတွေ သူပြန်လျော်ရမယ်။ သူ့ကိုလည်းနည်းနည်းတော့ စိတ်ဆင်းရဲအောင် ကြည်စားရမှာပဲ။
မယုံကြည်ချင်သလို သူငေးနေရာမှ နာကျဉ်စွာ တချက်ရယ်၏။
`အသဲကွဲတယ်ဆိုတာ ကျွန်တော် မယုံခဲ့တဲ့ဥစ္စာပဲ...။ ခုတော့...ကျွန်တော် ယုံပြီ။ ကျွန်တော် နောက်ကျသွားပြီပေါ့နော်...´
` အင်း...ဟုတ်တယ်။ တစ်လလောက်ပါ။ သူနောက်ကျခဲ့တာ......။ ´
`သြော်...သူ့ကို အိ ချစ်လိုက်တာ တစ်လလောက်ပဲ ရှိသေးတယ်လား ´
` သိပ်မဟုတ်သေးဘူး။ သူ့အသံ စကြားစကတော့ ဘယ်ဟုတ်ဦးမလဲ။ နဲနဲကြာလာတော့မှ သံယောဇဉ်
ရှိလာတာ..... ´
` သူက ဘယ်သူတဲ့လဲ... ´
စိတ်အားထက်သန်လွန်းလို့ မဟုတ်ပါဘဲ ၀တ်ကျေတမ်းကျေ လေသံ...၊ ဒါမှမဟုတ် စိတ်ပျက်အားလျော့သောလေသံဖြင့် သူက မေးလိုက်၏။ စိတ်မကောင်းဖြစ်နေသော သူ့ဟန်ပန်ကြောင့် သူမစိတ်ထဲမှာ သနားသွားရရင်း အချိန်သိပ်ကြာအောင်တော့ မညှင်းဆဲရန် ဆုံးဖြတ်လိုက်ရသည်။
`သူက ဖုန်းသရဲလေး တစ်ယောက်ပေါ့...´
`ဗျာ...ဖုန်းသရဲ... ´
ဇဝေဇ၀ါ အတွေးကြောင့် အူလည်လည် ဖြစ်သွားသော သူ့မျက်နှာသည် လွန်စွာမှ ကြင်နာဖွယ် ဖြစ်နေ သည်။
` သူက ဘယ်သူလဲဟင်...´
` သူက ကို တဲ့...´
` ဟာ...အိ....ကို....ကို....´
နံဘေးသို့ ဖြတ်ကနဲ ၀င်ထိုင်လိုက်သော သူ့ကြောင့် သူမလန့်ဖျတ်ကာ မတ်တတ်ရပ် လိုက်၏။ ပျော်ရွှင် သွားသော သူ့မျက်နှာကို ကြည့်ကာ ရင်ခုန်နွေးထွေးလာရပြန်သည်။ ဒီလိုကျတော့လည်း ဖူးစာကံဟာ သူမအတွက်တော့ သိတ်ကောင်း နေပါလားဟင်...။ စိတ်ညစ်ညူး ရှုပ်ထွေးနေခဲ့ရတာတွေဟာ ခုတော့လည်း ကြည်နူးချမ်းမြေ့စရာတွေ ဖြစ်ကုန်ကြပြန်ပြီပေါ့။
တွေ့တယ်မဟုတ်လား...။ သူ့အသံဟာ တည်ငြိမ်ယဉ်ကျေးတဲ့ လူကြီးလူကောင်းတယောက်ရဲ့ အသံမျိုးပါဆိုတာ...။
ဘယ်သူဆိုတာ မပြောဘဲ ဖုန်းထဲမှ နောက်ပြောင်ကာ ချစ်စကားပြောခြင်းမျိုးကို မုန်းသောသူမအဖို့ ခုလို ဖုန်းသံရှင်တစ်ယောက်နှင့် ဖူးစာဖက်မိခြင်းမှာ လောကကြီးရဲ့ ကျီစားပြက်ရယ်ပြုမှု သက်သက်ပဲ ဖြစ်လိမ့်မည် ထင်၏။
ဘာပဲဖြစ်ဖြစ်....သူ့တယောက်ကိုတော့ မျက်နှာလိုက်စွာ ခွင့်လွှတ်ကျေနပ်လိုက်လေသည်။ အချစ်ဟာ မျက်နှာလိုက်တတ်သည်မဟုတ်ပါလား။
သူမအတွေးနှင့် သူမ ပြုံးရွှင်လာကာ...
` အထဲဝင်ကြစို့ ´ ဟု သူ့ကို ပြောပြီး ရှေ့မှလျှောက်လာခဲ့၏။ သူကလည်း ဘာမှ စောဒကမတက်ဘဲ
သူမဘေးမှ ယှဉ်လျှောက်လာကာ ရှက်သွေးဖြန်းနေသော သူမမျက်နှာကို ငုံ့ကြည့်ပြီး ခပ်ရွှင်ရွှင် မျက်နှာထားနှင့် ရင်ခုန်ကြည်နူးစရာ စကားတစ်ခွန်းကိုသာ ဆိုလိုက်လေသည်။
" ညကျရင်...ကို..ဖုန်းဆက်လိုက်မယ်နော်...။ "
`ဒေါ်စိုးနွယ်ဆီက ဖုန်းပါ အဖေကြီးရယ်...။ သားတော်မောင် အလုပ်ကနေ ခွင့်နဲ့ပြန်ရောက်နေပြီတဲ့။
အဲဒါ မနက်ဖြန်ကျရင် သားကိုခေါ်ခဲ့ပြီး အိမ်လည်လာခဲ့မယ်တဲ့လေ....။ ´
ကြီးစွာသော စိတ်ခြောက်ခြား တုန်လှုပ်မှုကြောင့် အာမေဋိတ်သံ ခပ်တိုးတိုးပင် လွှတ်ကနဲ ထွက်သွားရသည်။ ကြည်လင်နေသော စိတ်သည် ရုတ်တရက် ညစ်ညူးနောက်ကျိသွားရ၏။ မျှော်လင့်ချက် စိတ်တခုဖြင့် တက်ကြွနေသော သူမ၏ စိတ်ကူးယဉ်လေးသည် မရေမရာအတွေးများကြောင့်ေ၀၀ါးသေးနုတ် သွားရလေသည်။
ဖုန်းသံတခုကို စောင့်မျှော်ရင်ခုန်ခွင့် သူမမှာ ပျောက်ဆုံးသွားတော့မည်လား။ အနှောင်အဖွဲ့တခုဖြင့် သူမ နှလုံးသားကို အကျဉ်းချထား ခံရတော့မည်လား။
သက်မဲ့ ဓါတ်ပုံတခုမှလွဲ၍ တကြိမ်တခါမျှ တွေ့ဆုံနားလည်မှု လုံးဝမရှိသော.....၊ မည်သို့မျှ အဆက်အသွယ်ပြုလုပ် ရင်းနှီးမှုမရှိသော... သူစိမ်းယောင်္ကျားလေးတယောက်ကို မိဘချင်း ခင်မင်ရင်းစွဲ ရှိရုံမျှနှင့်၊ ဆရာဝန်တယောက်ဖြစ်ရုံနှင့် သူမ မျက်စိမှိတ် ခေါင်းညိတ်လိုက်သင့်မည်လား။
သူမက တကြိမ်တခါမျှ နှလုံးသား မလှုပ်ရှားဖူးသော်လည်း နှလုံးသားခံစားမှု ကင်းမဲ့သော အိမ်ထောင်ရေးမျိုးကိုမူ မည်သို့မျှ မနှစ်မြို့နိုင်ပေ။
`သမီးဖုန်းက မလာတော့ဘူး ထင်ပါတယ်။ မေမေတို့ စကားကောင်းနေတာနဲ့ အချိန်တောင် လွန်သွားပြီနော်.. ´
သူမလှဲလျောင်းနေသော ဒရင်းဘက်နံဘေးမှ ဖုန်းတင်သည့် စားပွဲလေးပေါ်သို့ ဖုန်းကိုပြန်ထားရင်း ပြောလိုက်သော မိခင်၏စကားကြောင့် နာရီကို အလျင်စလို ကြည့်လိုက်မိ၏။ ရှစ်နာရီနှစ်ဆယ်...။ သူဖုန်းဆက်နေကျ အချိန်ကို မိခင်ကတောင် မှတ်မိနေပြီဖြစ်သည်။
ဖုန်းမလာတော့ဘူး ထင်ပါရဲ့......။ ရင်ထဲမှာ မောသွားရသည်။
ဒီလိုသာဆိုရင်ဖြင့် အားမလိုအားမရစိတ်နဲ့ပဲ သူ့အတွက် သူမစိတ်ထိခိုက်ရင်း ဒီညမှာ အချိန်ဘယ်လောက်ကြာကြာ အိပ်ပျက်နေရအုံးမှာပါလိမ့်။ သူနဲ့သူမက ဒီ့ထက်ပို နီးစပ်လာဖို့တော့ဖြင့် မလွယ်။ သူမဘ၀မှာ အချစ်ဆိုတာကို ခံစားနားလည်ရဖို့ ကုသိုလ်ကံ ပါးလျားမွဲနုံလွန်းတယ် ထင်ပါရဲ့။
'''''''''''''''''
တကယ်တမ်း ဒေါ်စိုးနွယ်တို့ မိသားစု ရောက်လာသောအခါ စိတ်ညစ်ညူးမှုမှာ ညကလောက် မပြင်းထန်တော့ပေ။ ပေါ့ပါးကြည်လင်စွာ နှုတ်ဆက်ပြုံးရယ်နေနိုင်၏။ သူ့ကိုလည်း တည်ငြိမ်စွာ ကြည့်ပြီး ပြုံးပြနိုင်ခဲ့သည်။သူက ဓါတ်ပုံထဲမှာထက်ပင် ပို၍ ကြည့်ကောင်းနေလေသည်။ အေးအေးဆေးဆေး နေတတ်မည့်ပုံရကာ စကားမဆိုပဲ ပြုံး၍သာ ငြိမ်နေ၏။ မိဘတွေတွန်းပို့မှုဖြင့် ခြံထဲသို့ ပန်းပင်တွေပြဖို့ဆိုကာ ဆင်းလာချိန်အထိ သူနှင့်သူမတို့ တယောက်နှင့်တယောက် စကားမပြောဖြစ်ကြသေးပေ။
ပိတောက်ပင်အောက်ရှိ ထိုင်ခုံတန်းလေးသို့ အရောက်တွင်မှ သူမက “ ထိုင်ပါအုံးလား ” ဟု ဧည့်ဝတ်စကားတိုပြတ်ပြတ်ကို ဆိုမိလေသည်။ သူက မငြင်းဆိုပေမယ့် ၀င်မထိုင်ဘဲ သူမနှင့် မျက်နှာချင်းဆိုင်မှာ ရပ်တန့်ပစ်လိုက်ကာ သူမကို စိုက်ကြည့်နေ၏။
ပထမတော့.... သူမက သူ့ကို ရိုးရိုးသားသားပင် ပြန်ကြည့်နေမိသေးသည်။ သို့ပေမယ့်...သူ့အကြည့်က ကြာရှည်ကာ ဝေေ၀ရီရီ ရှိလွန်းတာမို့ သူမ နည်းနည်း ရင်ဖိုရှက်ရွံ့လာကာ ခေါင်းငုံ့ချလိုက်ရတော့သည်။
` ကို...အိကို တကယ်ချစ်တာပါ.´
` အို... ´
သူမ ရုတ်တရက် လန့်ဖျပ်ကာ နောက်သို့ ခြေနှစ်လှမ်းစာမျှ ဆုတ်မိသွားပြီး မော့ကြည့်လိုက်မိ၏။
ဘယ်လောက်များ အံ့သြစရာကောင်းလိုက်သလဲ.....။
ခပ်ပြေပြေ ပြုံးနေသော နှုတ်ခမ်းတစ်စုံမှ သိမ်မွေ့နူးညံ့သော စကားသံသည် အမှန်တကယ်ပင် ထွက်လာခဲ့ခြင်း ဖြစ်သည်။
`သူ...သူ....ဒါဖြင့်.....သူပေါ့နော်...´
အံ့သြ၀မ်းသာစိတ်ဖြင့် ထစ်ငေါ့တုန်ရီစွာ အလျင်စလို ရောရောထွေးထွေး မေးလိုက်မိပြီးမှ သူမ ရှက်လန့်ကာခေါင်းငုံ့ချမိပြန်၏။ ထို့နောက် ချက်ချင်းပင် ခေါင်းပြန်မော့ကာ အဖြေကို သူ့မျက်နှာမှာ ဖွေရှာနေမိပြန်သည်။ သူက ဘာမှမပြောသေးဘဲ ပြုံး၍သာ ကြည့်နေလေသည်။
အနီးကပ် ကြားလိုက်ရသော သူ့အသံသည် ညတိုင်းကြားနေကျ အသံပါးပါးထက် အနည်းငယ် ထူထဲပြည့်ဝ သည်မှလွဲ၍ အခါများစွာကလို ကြည်လင်ညံ့သက် လှိုက်လှဲနေဆဲဖြစ်၏။ သူနှင့်သူမ၏ မိဘများ စကားပြောနေကြစဉ်က သူမကော်ဖီဝင်ဖျော်နေ၍ သူ့အသံကို မကြားလိုက်ရ။ ခုမှ သေချာကြားလိုက်ရပြီး အံ့သြတကြီး ဖြစ်နေရသည်။
` ကိုယ့်ကို အိ မှတ်မိတယ်လား.....ဒါဟာ ကိုယ့်အတွက် ၀မ်းသာစရာလားဟင်..´
ခေါင်းညိတ်လိုက်မိပြီးမှ အလျင်အမြန် ခေါင်းပြန်ခါလိုက်ရသည်။ ရင်ခုန်နှုန်းမြန်ဆန်ကာ လူကပါ ကတုန် ကယင်ဖြစ်လာ၍ ခြေမခိုင်နိုင်တော့။ ခုံတန်းလေးပေါ် ထိုင်ချလိုက်ရ၏။
သူက သူမ၏ ခေါင်းညိတ်ခေါင်းခါ အမူအယာကို ကြည့်ကာ ခပ်တိုးတိုးရယ်နေသည်။
` မန္တလးကနေ ဆက်ခဲ့ရတာပေါ့နော်...´
`အင်း...မနေ့ညက မေမေတို့ရှိနေတာနဲ့ မဆက်လိုက်ရဘူး ´
` ဟင်...အန်တီနွယ်က..... ´
` ဟုတ်တယ်...ဒါတွေ မေမေတို့ မသိသေးဘူး။ ပြောရမှာ နည်းနည်း ရှက်နေလို့... ´
သူမ ပြုံးစေ့စေ့ဖြစ်သွားရပြီး သူ့ကို တချက်မော့ကြည့်လိုက်သည်။ သူကလည်း ရှက်ဟန်စွက်၍ ရယ်ကျဲကျဲ လုပ်နေလေသည်။ စိတ်ထဲမှာ သူနဲ့ရင်းနှီးလာကာ စကားပြောနေရခြင်းအတွက် လွတ်လပ်စွာ ပျော်ရွှင်လာရ၏။
` ကျွန်တော် အိကို မေမေစာရေးမှ သိရတာပေမယ့် မြင်ဖူးခဲ့တာ ကြာပါပြီ။ ဟိုး.....ကျောင်းနေတုန်း ကတည်းက...´
` ဟင်....အိတော့ သူ့ကို မသိပါဘူး။ ´
` ဟုတ်ပါတယ်။ ကျွန်တော်လည်း မသိခဲ့ပါဘူး။ မြင်ဖူးရုံတင်....အဲ...အမှန်ဝန်ခံရရင်.... အဲဒီမြင် ကတည်း က အိကို သဘောကျ စွဲလန်းနေခဲ့ရတာ....။ ဒါပေမယ့် ခုလို ပြန်ဆုံရမယ် လို့ မျှော်လင့်ချက် ကိုလည်း စွန့်လွှတ်ခဲ့တာ ကြာပါပြီ...။ ´
` အိ..နားမလည်ဘူး...´
`ဒီလိုပါ...။ အိကို လွန်ခဲ့တဲ့ နှစ်နှစ်လောက်က မိန်းထဲက အီကိုကင်တင်းမှာ တစ်ခါ၊ သိပ္ပံကင်းတင်းမှာ တစ်ခါ၊ တွေ့ခဲ့ဖူးတယ်။ ကျွန်တော့် သူငယ်ချင်းတွေနဲ့ ကင်တင်းမှာထိုင်ရင်းပေါ့...။ ပထမတစ်ခါက အမှတ်တမဲ့ပါ။ ဒါပေမယ့်...နောက်တခါတွေ့တော့ အိကို ကျွန်တော် ကောင်းကောင်းမှတ်မိနေတယ်။
အိသူငယ်ချင်းတွေနဲ့ စကားပြောရယ်မောနေတာကို ကျွန်တော် ငေးကြည့်နေမိလို့ သူငယ်ချင်းတွေကတောင်
နောက်ခဲ့ကြသေးတယ်။ ဒါပေမယ့် အိ ဘယ်သူဘယ်ဝါဆိုတာ မစုံစမ်း မမေးမြန်းခဲ့မိဘူး။ ကိုယ်ကလည်း ကိုယ့်စာတွေနဲ့ပဲ နပန်းလုံးနေရတာနဲ့ မိန်းထဲနဲ့ တခြားကျောင်းတွေကို ရောက်ခဲတယ်။
နောက်....တော်တော်ကြာတဲ့အထိ အိကို ခဏခဏ သတိရနေတာနဲ့ ကိုယ်တို့ စာမေးပွဲပြီးလို့ အားနေတဲ့
နေ့တွေမှာ လာရှာပေမယ့် မတွေ့တော့ဘူး။ ဘယ်သူဘယ်ဝါ ဘယ်အတန်းကမှန်း မသိဘဲရှာရတာ
ဘယ်လွယ်ပါ့မလဲဗျာ..။ ဒါနဲ့ပဲ ကျောင်းပြီးသွားခဲ့ပြီး ဇာတ်လမ်းကလည်း အစပျောက်သွားပြီ အောက်မေ့နေ တာ..... ´
`မေမေဓါတ်ပုံလာပြတော့ အိမှန်းသိလိုက်ရပြီး ကိုယ်အရမ်းဝမ်းသာသွားခဲ့ရတယ်။ အိ ဖုန်းနံပါတ်ကိုရှာပြီး ကိုယ် ညတိုင်း ဖုန်းဆက်ခဲ့မိတယ်လေ....။ ကိုယ်ဘယ်သူဆိုတာ ပြောပြဖို့ အမြဲကြံစည်ထားခဲ့ပေမယ့် မပြောခဲ့မိဘူး။ ပြောရလည်း ခက်နေတယ်လေ။ ဒါကြောင့်.... ဒါနဲ့...အိ ကိုယ့်ကို လက်ခံနိုင်မယ် မဟုတ်လားဟင်....။ အိမှာ ချစ်သူ ရှိမနေပါဘူးနော်.... ´
စကားပြောရိုးသား၍ တုံးတိတိနိုင်လှသော သူ့ကို စနောက်ချင်စိတ်များ ရုတ်တရက် ဖြစ်ပေါ်လာသောကြောင့်...
`ဟင့်အင်း....အိမှာ ချစ်တဲ့သူ ရှိတယ်။ ´
` ဗျာ...တကယ် ´
ရုတ်တရက် နောက်သို့ ခြေလှမ်းဆုတ်ကာ သူတွေဝေသွား၏။ သူမကတော့ စိတ်ထဲမှာကြိတ်၍ ကျေနပ်
သွားသည်။ ဒီတခါ သူ့အလှည့်ပဲနော်...။ တို့ကို စိတ်ဆင်းရဲအောင် ညတိုင်းလုပ်ထားခဲ့တာတွေ သူပြန်လျော်ရမယ်။ သူ့ကိုလည်းနည်းနည်းတော့ စိတ်ဆင်းရဲအောင် ကြည်စားရမှာပဲ။
မယုံကြည်ချင်သလို သူငေးနေရာမှ နာကျဉ်စွာ တချက်ရယ်၏။
`အသဲကွဲတယ်ဆိုတာ ကျွန်တော် မယုံခဲ့တဲ့ဥစ္စာပဲ...။ ခုတော့...ကျွန်တော် ယုံပြီ။ ကျွန်တော် နောက်ကျသွားပြီပေါ့နော်...´
` အင်း...ဟုတ်တယ်။ တစ်လလောက်ပါ။ သူနောက်ကျခဲ့တာ......။ ´
`သြော်...သူ့ကို အိ ချစ်လိုက်တာ တစ်လလောက်ပဲ ရှိသေးတယ်လား ´
` သိပ်မဟုတ်သေးဘူး။ သူ့အသံ စကြားစကတော့ ဘယ်ဟုတ်ဦးမလဲ။ နဲနဲကြာလာတော့မှ သံယောဇဉ်
ရှိလာတာ..... ´
` သူက ဘယ်သူတဲ့လဲ... ´
စိတ်အားထက်သန်လွန်းလို့ မဟုတ်ပါဘဲ ၀တ်ကျေတမ်းကျေ လေသံ...၊ ဒါမှမဟုတ် စိတ်ပျက်အားလျော့သောလေသံဖြင့် သူက မေးလိုက်၏။ စိတ်မကောင်းဖြစ်နေသော သူ့ဟန်ပန်ကြောင့် သူမစိတ်ထဲမှာ သနားသွားရရင်း အချိန်သိပ်ကြာအောင်တော့ မညှင်းဆဲရန် ဆုံးဖြတ်လိုက်ရသည်။
`သူက ဖုန်းသရဲလေး တစ်ယောက်ပေါ့...´
`ဗျာ...ဖုန်းသရဲ... ´
ဇဝေဇ၀ါ အတွေးကြောင့် အူလည်လည် ဖြစ်သွားသော သူ့မျက်နှာသည် လွန်စွာမှ ကြင်နာဖွယ် ဖြစ်နေ သည်။
` သူက ဘယ်သူလဲဟင်...´
` သူက ကို တဲ့...´
` ဟာ...အိ....ကို....ကို....´
နံဘေးသို့ ဖြတ်ကနဲ ၀င်ထိုင်လိုက်သော သူ့ကြောင့် သူမလန့်ဖျတ်ကာ မတ်တတ်ရပ် လိုက်၏။ ပျော်ရွှင် သွားသော သူ့မျက်နှာကို ကြည့်ကာ ရင်ခုန်နွေးထွေးလာရပြန်သည်။ ဒီလိုကျတော့လည်း ဖူးစာကံဟာ သူမအတွက်တော့ သိတ်ကောင်း နေပါလားဟင်...။ စိတ်ညစ်ညူး ရှုပ်ထွေးနေခဲ့ရတာတွေဟာ ခုတော့လည်း ကြည်နူးချမ်းမြေ့စရာတွေ ဖြစ်ကုန်ကြပြန်ပြီပေါ့။
တွေ့တယ်မဟုတ်လား...။ သူ့အသံဟာ တည်ငြိမ်ယဉ်ကျေးတဲ့ လူကြီးလူကောင်းတယောက်ရဲ့ အသံမျိုးပါဆိုတာ...။
ဘယ်သူဆိုတာ မပြောဘဲ ဖုန်းထဲမှ နောက်ပြောင်ကာ ချစ်စကားပြောခြင်းမျိုးကို မုန်းသောသူမအဖို့ ခုလို ဖုန်းသံရှင်တစ်ယောက်နှင့် ဖူးစာဖက်မိခြင်းမှာ လောကကြီးရဲ့ ကျီစားပြက်ရယ်ပြုမှု သက်သက်ပဲ ဖြစ်လိမ့်မည် ထင်၏။
ဘာပဲဖြစ်ဖြစ်....သူ့တယောက်ကိုတော့ မျက်နှာလိုက်စွာ ခွင့်လွှတ်ကျေနပ်လိုက်လေသည်။ အချစ်ဟာ မျက်နှာလိုက်တတ်သည်မဟုတ်ပါလား။
သူမအတွေးနှင့် သူမ ပြုံးရွှင်လာကာ...
` အထဲဝင်ကြစို့ ´ ဟု သူ့ကို ပြောပြီး ရှေ့မှလျှောက်လာခဲ့၏။ သူကလည်း ဘာမှ စောဒကမတက်ဘဲ
သူမဘေးမှ ယှဉ်လျှောက်လာကာ ရှက်သွေးဖြန်းနေသော သူမမျက်နှာကို ငုံ့ကြည့်ပြီး ခပ်ရွှင်ရွှင် မျက်နှာထားနှင့် ရင်ခုန်ကြည်နူးစရာ စကားတစ်ခွန်းကိုသာ ဆိုလိုက်လေသည်။
" ညကျရင်...ကို..ဖုန်းဆက်လိုက်မယ်နော်...။ "
''''''''''''''''''''
ဝေ(စီးပွားရေးတက္ကသိုလ်)
August, ၁၉၉၁...မြှားနတ်မောင်မဂ္ဂဇင်း
August, ၁၉၉၁...မြှားနတ်မောင်မဂ္ဂဇင်း
လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်က ရေးခဲ့တဲ့ စာစုလေးက အခုအချိန်အထိ အံဝင်ခွင်ကျ ရှိနေဆဲ... ပေါ့ပါး နူးညံ့ လတ်ဆတ်နေဆဲ...
ReplyDeleteချစ်စရာကောင်းတယ်...း)
ကြည်နူးစရာကောင်းတဲ့ ဝတ္ထုတိုလေးပါပဲ အမဆရာမရေ...
ReplyDeleteငယ်လက်ရာဆိုပေမယ့် အခုထိ လတ်ဆတ်ဆဲလို ခံစားရတယ်။
ခင်လျက်
ငယ်ငယ်က ရေးခဲ့တဲ့ အကြောင်းလေးက
ReplyDeleteခုထိလတ်ဆပ်နေဆဲ
ဖတ်ကောင်းနေဆဲ
ကြည်နူးစရာ ဇာတ်ပေါင်းခန်းလေးပေါ့ မမဝေ
ReplyDeleteစာရေးဆရာမလက် မပြောရဘူး
ငယ်ကတည်းက အရေးသွက်တာကိုး
သိပ်တော်တာဘဲ အားကျမိတယ်တကယ်
ဖတ်ရင်း..စိတ်တွေတောင် နုပျိုသွားသလို ခံစားမိတယ်....။
ReplyDeleteချစ်စရာအရေးအဖွဲ့လေး...တကယ့်အဖြစ်သာဆို ..ချစ်သူနှစ်ယောက်အတွက် ဒီဝတ္တုလေးက တစ်ဘ၀စာအမှတ်တရလေးပေါ့နော်...မမဝေ.. :)
အားကျမိတယ် ..ဆရာမ..ရယ်..
ReplyDeleteကြည်နူးစရာဝတ္တုလေးပါ...
ReplyDelete